Monday, October 31, 2016



ခရီးသွားလုပ်ငန်းနှင့် မန္တလေးမြို့

မန္တလေးမြို့သည် အထက်အညာဒေသ၏ ရှေးဟောင်းမြို့တော်များအား လည်ပတ်ကြည့်ရှု့ရန်
အကောင်းဆုံးခရီးစဉ်ဒေသဖြစ်ပြီး၊ မြန်မာ့ရိုးရာလက်မှုအနုပညာတို့အား လေ့လာရန်အကောင်းဆုံးဒေသလည်း
ဖြစ်သည်။ မြန်မာပြည်၏ အသဲနှလုံးနေရာတွင်တည်ရှိပြီး မြန်မာ့ယဉ်ကျေးမှုတို့၏ ဟိုချက်မလည်းဖြစ်သည်။
စက်တင်ဘာလကုန်၍ အောက်တိုဘာလသို့ ရောက်ရှိလာသည်နှင့် မန္တလေးမြို့ရှိ အထင်ကရနေရာများ
ဖြစ်သော ဦးပိန်တံတား၊ မဟာဂန္ဓာရုံ၊ မဟာမုနိဘုရားကြီး၊ ရွှေနန်းတော်ကျောင်း၊ မန္တလေးတောင် အစရှိသောနေရာများ၌ ကမ္ဘာလှည့်ခရီးသည်များကို အများအပြားတွေ့မြင်လာရပြီဖြစ်သည်။ ခရီးသွားဧည့်သည်များ အများအပြားလာရောက်လည်ပတ်မှုကြောင့်တိုက်ရိုက်ဝင်ငွေရသော ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ ခရီးသွားကုမ္ပဏီများနှင့်ဧည့်လမ်းညွှန်များသာမက အငှားယာဉ်၊ မြင်းလှည်း၊ စက်လှေ၊ အမှတ်တရအရောင်းဆိုင်၊ စားသောက်ဆိုင်စသဖြင့် မန္တလေးဒေသခံတို့သည် ခရီးသွား ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို မျှဝေခံစားကြရတော့မည်ဖြစ်သည်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံတကာလေကြောင်းလိုင်းများ တိုက်ရိုက်ဆင်းသက်နိုင်
သလို မီးရထားလမ်း၊ ကားလမ်းတို့ဖြင့် မြန်မာပြည်အနှံ့သို့ခရီးဆန့်နိုင်သဖြင့် သွားလာရေး လွယ်ကူအဆင်ပြေလှသည်။ များပြားလာသော နိုင်ငံတကာခရီးသွားများကို လက်ခံနိုင်ရန် ၀န်ဆောင်မှုကောင်းမွန်သော ဟိုတယ်များလည်းရှိသည်။ ယခင်၂၀၁၁ ခုနှစ်လောက်က ဟိုတယ်အလုံးရေ (၇၆)လုံးသာ ရှိရာမှယခုအခါ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း၏ ကောင်းမွန်သော အခွင့်အလန်းများကြောင့် ရင်းနှီးမြှုပ်နှံသူတို့က စိတ်ဝင်တစားရှိကြရာယခုအခါ ၂၀၁၅ ခုနှစ်စက်တင်ဘာလအထိဟိုတယ်ပေါင်း ( ၁၆၄ ) လုံးနှင့် အခန်းပေါင်း ( ၆၆၇၂ ) ခန်းရှိလာပြီဖြစ်သည်။နောက်ထပ် ထပ်မံ၍ တည်ဆောက်ရန် အဆိုပြုထားသော ဟိုတယ်များ ထပ်ပေါင်းပါက၂၀၁၇-၂၀၁၈ လောက်တွင်ဟိုတယ်ပေါင်း ( ၂၀၀ )၊ အခန်းပေါင်း ( ၁၀၀၀၀ ) ကျော်ထိဖြစ်လာမည်ဖြစ်သည်။

ယင်းပမာဏသည်ပြည်တွင်း/ပြည်ပဧည့်သည်ပေါင်း ( ၂၀၀၀၀ ) ကို နေ့စဉ်လက်ခံနိုင်မည်ဖြစ်သဖြင့်
 တစ်နှစ်လျှင်ဧည့်သည်ပေါင်း ( ၂ သန်းခွဲ ) ကိုသုံးညအိပ်လက်ခံနိုင်မည့်ပမာဏဖြစ်သည်။
 မန္တလေးမြို့သို့ ယခင်နှစ် ၂၀၁၄ ခုနှစ်က နိုင်ငံခြားသားဧည့်သည် ၂သိန်းခွဲခန့်သာ ၀င်ရောက်ခဲ့သည်။ ယခုနှစ် ၂၀၁၅ စက်တင်ဘာလအထိ ကမ္ဘာလှည့်ခရီးသွားပေါင်း ၂သိန်းခန့်ဝင်ရောက်ပြီးဖြစ်သဖြင့်
၂၀၁၅ အကုန်တွင် ၃သိန်းကျော် ဖြစ်လာမည်။ တိုးတက်မှုရာခိုင်နှုန်းမှာ ၃၀% ကျော်ရှိမည်ဟု ခန့်မှန်းထား
သည်။ ၎င်းပမာဏသည် တစ်နိုင်ငံလုံး၏ ကမ္ဘာလှည့်ခရီးသည်အ၀င် ၄.၅ သန်းနှင့် နှိုင်းယှဉ်ပါက
 ၁၀ ရာခိုင်နှုန်းပင် မပြည့်သည်ကို တွေ့ရသည်။ မန္တလေးကဲ့သို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိသော
 မြန်မာနိုင်ငံ၏ အထင်ကရမြို့တစ်မြို့အနေဖြင့် ယင်းပမာဏမှာ နည်းပါးလှသည်။ အနည်းဆုံးမြန်မာတစ်နိုင်ငံလုံး၏ ကမ္ဘာလှည့်ခရီးသည်အ၀င်၏ ၁၀% ဖြစ်သော ၄ သိန်းခွဲမှ နောက်ဆိုလျှင် ၂၅% ခန့်အထိဧည့်သည်အ၀င်ရရှိရန် ကြိုးပမ်းသွားရမည်။ ထို့ကြောင့် ၂၀၂၀ ခုနှစ်၌ မြန်မာတစ်နိုင်ငံလုံး ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မည့်ပမာဏ ၇ သန်း ကျော် ဆိုလျှင်ပင်မန္တလေးမြို့၌ ( ၂ သန်း )ခန့်အထိဖြစ်လာမည်။

၎င်းပမာဏသည်ပြည်တွင်းခရီးသွားများ ရောက်ရှိလည်ပတ်မှု မပါသေးပေ။ ပြည်တွင်းခရီးသွားများ မန္တလေးမြို့သို့လာရောက်လည်ပတ်မှုမှာလည်း ကမ္ဘာလှည့်ခရီးသွားများဝင်ရောက်မှုထက်မနည်းပေ။ ၂၀၁၄ ခုနှစ်၌ကမ္ဘာလှည့်ခရီးသွားပေါင်း ( ၂၄၂၅၆၆ ) ဦး ၀င်ရောက်ချိန်၌ ပြည်တွင်းခရီးသွားပေါင်း ( ၄၀၇၆၄၇ )
 ဦးလာရောက်လည်ပတ်ကြသည်။ ထိုကဲ့သို့တိုးတက်မှုပမာဏများကို လွယ်လွယ်နှင့်တော့မရရှိနိုင်ပါ။ ယခုအခါမန္တလေးမြို့သို့ ဆင်းသော နိုင်ငံတကာလေကြောင်းလိုင်းပေါင်း ( ၅ ) လိုင်းသာရှိသေးသည်။ ၂၀၂၀ ခုနှစ်တွင်အနည်းဆုံး (၁၀)လိုင်းမှ (၁၅)လိုင်း ဖြစ်ရမည်။ နိုင်ငံတကာလေကြောင်းလိုင်းများ ဆင်းသက်နိုင်အောင်ပြင်ဆင်ရမည်၊ ဖြေလျော့ရမည်။ သင့်တင့်သောဈေးနှုန်းနှင့်ပြေးဆွဲသော ပြည်တွင်းလေကြောင်းလိုင်းများလည်းတိုးတက်များပြားလာရန်လိုအပ်သည်။ ခရီးသွားမြှင့်တင်ရေးဆွေးနွေးပွဲများ၊ ခရီးသွားပြပွဲများ ပြုလုပ်ရမည်။တဖက်မှ ဖိတ်ခေါ်သကဲ့သို့ တဖက်မှလည်း ပြည်တွင်းတွင် လိုအပ်ချက်များ၊ အခြေအဆောက်အဦများကိုဖြည့်ဆည်းရမည်ဖြစ်သည်။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား အားပေးရမည်။ တိုးတက်များပြားလာသော လူဦးရေ၊ ဧည့်သည်ဦးရေနှင့်ဟိုတယ်များအတွက်လိုအပ်သောလျှပ်စစ်မီး၊ ရေ၊ လောင်စာနှင့်အများပြည်သူလွယ်ကူအဆင်ပြေစေသောသယ်ယူပို့ဆောင်ရေး စနစ်များလည်းလိုအပ်သည်။

 မည်သို့ပင်ဖြစ်စေ အိမ်“ သာ ” လျှင်တော့ ဧည့်“ လာ ” မည်သာဖြစ်သည်။ ဧည့်လာလျှင်ပထမဆုံးပျော်ရွင်ရမည်က အိမ်သားများပင်ဖြစ်သင့်သည်။ ထို့ကြောင့် လူမှုအဖွဲ့အစည်းပါဝင်သော ခရီးသွားလုပ်ငန်းကိုအားပေးသည်။ ဒေသခံတို့၏လူနေမှုဘ၀များ ခရီးသွားလုပ်ငန်း တိုးတက်မှုနှင့်အညီတိုးတက်မြင့်မားရမည်။ အလုပ်အကိုင်အခွင့်အလန်းများ ရရှိစေရမည်။ ပြည်ပရင်းနှီးမြုပ်နှံမှုများ၊ပြည်ပဧည့်သည်များကြောင့်ဒေသခံတို့၏လူမှုရေး၊ စီးပွားရေးနှင့် လူ့အခွင့်အရေး မဆုံးရှုံးစေရ။ဒေသ၌ရှိနေသောသဘာဝပတ်ဝန်းကျင်နှင့်ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်ထိန်းသိမ်းသွားမည်။
 နေ့စဉ် ရွှေဥတစ်လုံးဥနေသောငန်းကို သတ်စားသလိုမဖြစ်သင့်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏
ဖွံ့ဖြိုးတိုးတက်မှုများ၌ပါဝင်နေသော ဒေသခံများ၏ ဂုဏ်သိက္ခာရှိမှု၊ ကြွယ်ဝချမ်းသာမှု၊ သာယာလှပမှု၊
 ချစ်ကြည်ရင်းနှီးမှု၊ တရားမျှတမှုနှင့်လူ့အခွင့်အရေးတို့၏ ပြယုဒ်သာ ဖြစ်တော့သည်။




Yangon
Yangon, the business hub of Myanmar, is one of the most attractive cities in the Southeast Asia. Yangon has a unique charm, with its tree-lined streets, bustling markets, colonial buildings, and tranquil lakes and is the gateway for some amazing excursions around Myanmar. The city is the point of entry for visitors from abroad to Myanmar by air and sea.
About 2,500 years ago, there was probably a coastal fishing village or a trading colony called “Okkala”. After the construction of Shwedagon Pagoda, the settlement grew in fame as Dagon. King Alaungpaya of Konbaung Dynasty founded Yangon when he took the village of Dagon in 1755. He called the settlement as Yangon or “End of Strife”. It becomes a port city and a centre of commercial functions since pre-colonial and colonial days. The Yangon River or Hlaing River gives it color and peninsular look touching the city in the east and south flanks and the Pazundaung Creek in the west.


Sunday, October 30, 2016




Myanmar - The Golden Land
Myanmar is recognised by the world as the Golden Land. It is one of the earliest homes of mankind, where one can have exclusive experiences of a life-time. Gold is the most precious metal. Yes, Myanmar people love gold. Gold is used everywhere: pagoda, monasteries, accessories of the nobles, and so on. Most pagodas in Myanmar are covered with gold leaves, or for those who cannot afford use gold paint in the modern days. When you get to Myanmar, you will see golden things or gold-covered monuments in every direction you turn. No wonder, this is called the Golden Land!
Myanmar has a rich Culture that brings together over 150 different ethnic groups across a landscape of mighty rivers, soaring mountains and fertile plains. Myanmar Culture also implements a blend of India and China civilisation. The people are gentle and welcoming. As Buddhism has a great influence of the people in Myanmar, they preserved the traditions of reverence for Buddhism, respect for the elders, close family ties and simple native dresses and their Buddhist beliefs permeating every aspect of their daily lives. With its long history and its greatness dates back to the early 11th Century, Myanmar is full of stories and heritage places.
A journey to Myanmar is more than a travel experience; it is a journey of self discovery that uncovers a way of life and depth of society that has been lost in other parts of the world. Visit the temples built in 13th century all around Bagan or take a cruise from Bagan to Mandalay on Ayeyarwadd River or explore the untouched Mergui Archipelago in Southern Myanmar or relax in beautiful beaches or Inle Lake or just explore the cities like Mrauk U, Mandalay, and Yangon etc. Myanmar is still remained as a hidden treasure, unseen and untouched by the modern world.